Menu Close

၂၀၂၀ပြည့်နှစ် ကမ္ဘာ့ဆရာများနေ့

၂၀၂၀ပြည့်နှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို zoom online meetingဖြင့် ကျင်းပရာတွင် တာဝန်ခံပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ စီမံ/ဘဏ္ဍာ (ဌာနမှူး)၊ သင်တန်းရေးရာဌာနမှူးနှင့်အတူ ၂၀၁၉ ပညာသင်နှစ် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နှင့် သံတွဲမြို့တို့တွင် ကျောင်းသားကျောင်းသူများအား အနီးကပ်သင်တန်းပို့ချခြင်းနှင့် စာမေးပွဲစစ်ဆေးခြင်းများအတွက် သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် ဂုဏ်ပြုခံ ဒဿနိကဗေဒဌာနမှ ကထိက ဦးဝင်းမြင့်ဦးနှင့် အရှေ့တိုင်းပညာဌာနမှ ကထိက ဒေါက်တာချောဝင်းသော်တို့ပါ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေ တစ်ဦးလျှင် ငွေကျပ် (၅)သိန်းကျပ်စီကို တာဝန်ခံပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီလာမြင့်က ပေးအပ် ချီးမြှင့်ခဲ့ပါသည်။