Menu Close

၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို Zoom Online Meeting ဖြင့်ကျင်းပရာတွင် တာဝန်ခံပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ စီမံ/ဘဏ္ဍာ(ဌာနမှူး)၊ သင်တန်းရေးရာဌာနမှူးနှင့်အတူ ၂၀၁၉ ပညာသင်နှစ် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ မောင်တောမြို့၊ သက္ကေပြင်နှင့် သံတွဲမြို့တို့တွင်ကျောင်းသား၊ ကျောင်းသူများအား အနီးကပ်သင်တန်းပို့ချခြင်းနှင့် စာမေးပွဲစစ်ဆေးခြင်းများအတွက် သွားရောက် တာဝန်ထမ်းဆောင်ခဲ့သည့် ဂုဏ်ပြုခံ ဒဿနိကဗေဒဌာနမှ ကထိက၊ ဉီးဝင်းမြင့်ဦးနှင့် အရှေ့တိုင်းပညာ ဌာနမှ ကထိက၊ ဒေါက်တာချောဝင်းသော် တို့ပါတက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအပြီးတွင် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဉီးစီးဌာနမှ ဂုဏ်ပြုချီးမြှင့်ငွေ တစ်ဉီးလျှင် ငွေကျပ်(၅)သိန်းကျပ်စီကို တာဝန်ခံပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာနီလာမြင့်က ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

HU_Event_51020_02
« 1 of 3 »